မိုင်းရှူးမြို့နယ်တွင် ၁၃၈၇-၁၃၈၈ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းရှူး    ဧပြီ   ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၁၃၈၇-၁၃၈၈ခုနှစ်မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက ဗဟိုမဏ္ဍာပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က နှစ်သစ်ဆုတောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကံ၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းကိုကို၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊မြို့မိမြို့ဖ ဦးခွန်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ယိမ်းအကအဖွဲ့များမှ  မြူ‌မှောင်ဝေကင်းတေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး မင်္ဂလာရေစင်များဖျန်းပက်ပေးသည်။ အခမ်းအနားကို ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ယိမ်းအကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတက်ရောက်ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)