မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် ဃရပ်ကွက်၊ သုဓမ္မာလမ်းရှိ၊ ဥက္ကလာရင်ခွင်ဗဟို မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့သည်။