လသာမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) အတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေး သင်တန်းပို့ချ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အပိုင်း (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေးသင်တန်းကို ယနေ့ နေ့လယ်ပိုင်းအချိန်တွင် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း အခမ်းအနားတက်ရောက်

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အတွက်မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ခမောက်ကြီးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ယာဥ်မောင်းနှင်သူများသည် သတ်မှတ်ထားသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဥ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၈ နာရီက ပြည်ထောင်စုကားလမ်းမကြီး စည်ပင်သာယာပန်းခြံအရှေ့၌ ဆောင်ရွက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်သို့ သွားရောက်ပြီး သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ဧက(၂၀၀) စိုက်ပျိုးရေး ရှင်းလင်းဆောင်အနီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်တံမြောင်းအမှတ်(၁၁) အားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယမန်နေ့၊ နံနက် ၉ နာရီ ၃၀ အချိန်က အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်ငူမြို့၌ အ.ထ.က (၇)၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် ဇန်နဝါရီလ ၈ နံနက်ပိုင်းက မဲရုံအဖြစ် ဖွင့်လှစ်မည့် ကျွန်းစုမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဆောင်ရွက်သည်။

ထန်းတပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) (၆၈၉) လုံးတို့ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂)ကို အောင်မြင်စွာကျင်းပပြုလုပ်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) (၆၈၉) လုံးတို့ဖြင့် မြို့နယ်အတွင်းအောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လသာမြို့နယ်အတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းများနှင့် သူနာပြုသင်တန်းသား/သူများအား ဆန္ဒမဲပေးနိုင်ရေးတွေ့ဆုံဆွေးနွေး

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ဆေးရုံအုပ်ကြီး ဦးဆောင်၍ လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဆေးရုံကြီးရှိ ဌာနအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Subscribe to