တောင်တွင်းကြီး ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကြိုနေ့) အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက ပုဏ္ဏဝတီလမ်းမကြီး၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သာယာအေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစာရိတ္တ အရှင်သူမြတ်က သီလပေးတရားတော်ဟောကြားခြင်း၊ ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တမာနိတ အရှင်သူမြတ်မှ သြဝါဒကထာ ချီးမြှင့်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
အခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
နောင်နောင်(ဗိဿနိုးမြေ)