ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

ငါန်းဇွန်  ဧပြီ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဧပြီလ(၁၂)ရက် နံနက် () နာရီမှစတင်၍  ညနေ(၄)နာရီထိ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏  စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်()ရပ်ကွက်ရှိ  အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာ ကျပ် (၂၀၀) နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန်  တစ်ရက်လျှင်စားအုန်းဆီ ပိဿာ (၁၀၀) နှုန်းခွဲတမ်းရရှိခဲ့ရာ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  ဆက်လက်ဖြန့်ဝေဆောင်ရွက်ပေးသည်။ မြို့ပေါ် () ရပ်ကွက်မှ အိမ်ထောင်စုဝင်များအား တစ်အိမ်ထောင်လျှင်  တစ်လ()ပိဿာနှုန်းဖြင့်  နှစ်ကြိမ်ခွဲကာရောင်းချပေးခဲ့ရာ ဧပြီလအတွင်း ပထမအကြိမ်အဖြစ် စားအုန်းဆီတစ်ပိဿာလျှင်  ကျပ်  ၂၀၀  နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို မြို့ပေါ်ရှိ အိမ်ထောင်စုဝင် (၃၀၀၀) အား ဖြန့်ဝေပေးရန်လျာထားခဲ့ပြီး  မြို့ပေါ်ဆီဆိုင်များဖြစ်သော ဦးကျော်မင်း၊ ဒေါ်မြင့်မြင့်မူ ၊  ဦးကံသာ၊ ဦးသန့်ဇင်ဝင်း နှင့် ဒေါ်သန့်သန့်ဆီဆိုင်များမှ ဖြန့်ဝေရောင်းချခဲ့ရာ အိမ်ထောင်စုဝင်စုစုပေါင်း (၁၃၂) ဦး ဝယ်ယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြို့နယ်ရှိဝန်ထမ်း ၁၁၀၀ နှင့် ပင်စင်စား၄၀ကို ဦးသန့်ဇင်ဝင်း၊ ဦးကံသာ၊ ဒေါ်မြင့်မြင့်မူ ဆီဆိုင်များမှလည်းကောင်း၊ စစ်‌ဘေးရှောင်ပြည်သူများကို ဒေါ်မြင့်မြင့်မူ ဆီဆိုင်မှလည်းကောင်း ဖြန့်ဝေရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

ယခုလတွင် မြို့နယ်အတွင်းရှိ အကြော်သည်၊ မုန့်တီ/ခေါက်ဆွဲသည်၊ ရှမ်း/ဆီချက်မုန့်သည်များ၊ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား လုပ်ငန်းရှင်ဆီများအဖြစ် ဖြန့်ဝေရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း ထံမှ ကြားသိရသည်။

ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိကျေးရွာများမှ ဆီကိုယ်စားလှယ်  (၉၇) ဦးအား စားအုန်းဆီများကို အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ဆီကိုယ်စားလှယ်တစ်ဦးလျှင် တစ်လလျှင် ပိဿာ (၄၀) ခန့်  ဖြန့်ဝေပေးလျှက်ရှိကြောင်း မြို့နယ် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)