လက်ပံတန်းမြို့နယ်တွင် အတာသင်္ကြန် စတုဒီသာကျွေးမွေးခြင်းနှင့် လမ်းလျှောက်သင်္ကြန်ဆင်နွဲ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်သော ရှေးထုံးစဉ်လာများနှင့်အညီ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် နံနက် ၉ နာရီက မြို့မဈေး (၁) လမ်း၌ ဖွင့်လှစ်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။