ဖြူးပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော လူနာများအား ကုသ​ပေးနိုင်ရေး ပြင်ဆင်ထားရှိ

ဖြူး ဧပြီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် ပူပြင်းသည့် နွေရာသီကာလ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသော လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကြိုတင်ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံနှင့် ​ဇေယျဝတီ၊ ကညွတ်ကွင်း၊ ညောင်ပင်သာတိုက်နယ်ဆေးရုံများတွင် ဧပြီလပထမအပတ်မှစတင်၍ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော လူနာများရောက်ရှိလာပါက Air-condition ​လေအေးခန်းများတွင် လူနာများလက်ခံကုသပေးနိုင်ရန် ကြိုတင်စီစဥ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်ဆားထုပ်များ၊ ရေပန်ကာများ၊ ရေပက်တိုက်ရန် ရေဇလုံနှင့် အဝတ်များ ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားရှိခြင်း၊ လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဖြူးဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်မိုးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)