ကချင်ပြည်နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၌ လိုအပ်ချက်နှင့် လစ်ဟာမှုများမရှိစေရေးညှိနှိုင်းဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဧပြီ ၁၂ ရက် ညနေပိုင်းက ဧပြီ ၁၃ ရက်တွင် ကျင်းပားမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးသည် သင်္ကြန်ပွဲတော်ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၃ ရက် ညနေပိုင်းတွင် ဖွင့်ပွဲကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ နေရာချထားမှု၊ ဖဲကြိုးဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် ဖွင့်ပွဲလုပ်ငန်းစဉ်အတိုင်း အစုအဖွဲ့ဖြင့် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးကြပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်နှင့် လစ်ဟာမှုများမရှိစေရေး ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်