မြင်းခြံ ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့၌ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတွင် ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ ဝါသနာရှင် အဆိုရှင်များမှ သီဆိုဖျော်ဖြေခြင်း၊ စတုဒိသာများ ကျွေးမွေးခဲ့ကြပြီး မိဘပြည်သူများ ပျော်ရွှင် အေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)