ဘိုကလေး ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ကျောင်း၊ကန် များတွင် ယနေ့ ၁၃၈၇ခုနှစ် မဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်း၌ လူကြီး၊ လူငယ် အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကြသူများ များပြားလျက်ရှိသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ကျောင်း၊ကန် များတွင် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလတစ်လျှောက် ဓလေ့ထုံးစံမပျက် ဆရာတော်၊ သံဃာတော်များက သီလပေးတရားများ ချီးမြင့်ခြင်း၊ ဥပုသ်စခန်းများ၊ တရားစခန်းများ ဖွင့်လှစ်ခြင်းတို့ဆောင်ရွက်လျက်ရှိရာ လူကြီး၊ လူငယ်အရွယ်စုံလင်လှသော ယောဂီများက ယနေ့ သင်္ကြန်အကြိုနေ့မနက်မှ စတင်၍ ဥပုသ်သီလယူခြင်း၊ တရားစခန်းဝင်ရောက်ခြင်းတို့ဖြင့် ကုသိုလ်တော်ပြုကြပြီး နှစ်သစ်ကိုကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)