တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစ်ဆေး
ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်တွင် ရေရှည်တည်တံ့ခိုင်မြဲ၍ နှစ်ပေါင်းများစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ၆၆ ကေဗွီ ထားဝယ်ဓာတ်အားခွဲရုံတွင် ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများက ကြည့်ရှုစစ်ဆေးသည်။