ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်လုံ့လဝီရိယ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်လုံ့လဝီရိယ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ် ကြံခင်း ဇန်နဝါရီ ၁၉ ဖြိုးဝေလင်း(ပြန်/ဆက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Hall ခန်းမ၌ ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ‌ဥက္ကလာပစေတီ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ပြောင်းဖူးနု (ဒေသအခေါ်) ပြောင်းဖူးဒူးများ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ပြောင်းဖူးများကို သုံးရာသီပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြရာ ပြောင်းဖူးနု (ဒေသအခေါ်) ပြောင်းဖူးဒူးများ ဈေးကောင်းရရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ‌လေးများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိ‌စေရန်နှင့်စကား‌ပြော အတတ်ပညာကျွမ်းကျင်စွာ တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)အချိန်ခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အ.ထ.က (၁) ကျောင်း စိန်ရတုခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/ အလုပ်ရုံများဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပြည်နယ်ဒုတိယအထွထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရေမွန်းသော မွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းဖွင့်လှစ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အသက်ကယ်ပြုစုခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စု၊ ဒိန်ရှာကွင်းအတွင်း လယ်သီးထပ် ဆောင်းဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ၊ ပဲပုပ်စိုက်ပျိုးမှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော်ထိ တိုးတက်ရရှိရေး မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆောင်းသီးထပ် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ဒိန်ရှာကွင်းမှ တောင်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။
Subscribe to