ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူ ငယ်တွေနှင့်အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Book Club) အဖွဲ့နှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့်အခြား ဆောင်းပါးများ စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြီး (Book Club )အဖွဲ့ဝင် ဒေါ်နှင်းနွဲ့ရီက စာအုပ်ပါ ခေါင်းစဥ်များမှ “ကျောင်းသားလူငယ်(၃)”၊ “စကား ဖြတ်လို့မရ၍ ဆက်ပြောခြင်း”၊  “ပညာသင်ကြားမှု ဆိုတာ(၁)” စသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက အချင်းချင်းအမြင် ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးချက်များအပေါ် ဒေါ်နှင်းနွဲ့ရီမှ ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)