ဘိုကလေး ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီ အချိန်၌ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား Big catch up အမှီလိုက်ကာကွယ်ဆေးများအား မြို့နယ်အတွင်း စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာ စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြပြီး ကာကွယ်ဆေးအား ယနေ့ ဇန်နဝါရီ(၂၀)ရက်မှ (၂၆)ရက်နေ့ အထိ (၁)ပတ်တာတွင် မြို့နယ်တွင်း နေရာအနှံ့အပြား၌ ဆေးထိုးရန် လိုအပ်သည့် ကလေး (၃၉,၀၀၀)ကျော်အား ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထိုးနှံလျက်ရှိသည့် ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများနှင့် အကြိမ်ပြည့်မထိုးနှံရသေးသော အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ထိုနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)