မိုင်းတုံ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယနေ့နံနက်ပိုင်းကမြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုရရှိခဲ့သောအဖွဲ့များအား ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားမစမှီ နံနက် ၈း၁၅ အချိန်တွင် N P Y FC အသင်းနှင့် Boss Fustal FC အသင်းတို့ ဗိုလ်လုပွဲကျင်းပရာ N P Y FC အသင်းက ပထမဆု၊ Boss Fustal FC အသင်းကဒုတိယဆု၊ 5 Star အသင်းမှ တတိယဆုနှင့်တစ်ဦးချင်း အကောင်ဆုံးဆု (၅)ဆုရရှိခဲ့သူများကို ဆုပေးပွဲပြုလုပ်ရာတွင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ပထမဆုငွေသား (၂၅၀၀၀ဝိ)ကျပ်၊ ဒိုင်းဆုနှင့် ရွှေတံဆိပ်ဆုဆွဲပြားများကိုလည်းကောင်း၊ ခရိုင်မြေစာရင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်းက ဒုတိယဆုငွေသား (၁၅၀၀၀ဝိ)ကျပ်နှင့် ငွေတံဆိပ်ဆုဆွဲပြားများကိုလည်းကောင်း၊ မြို့နယ်နတလမှ တတိယဆု ငွေသား(၅၀၀၀ဝိ) ကျပ်နှင့် ကြေးဆွဲပြားများကိုလည်းကောင်း၊ အကောင်းဆုံးဆု(၅)ဆုနှင့် ပွဲစဉ်တစ်လျှောက်ပါဝင်ကူညီပေးခဲ့သော မြို့နယ်ကြက်ခြေနီအဖွဲ့ ငွေသား(၃၀၀၀ဝိ)ကျပ်၊ ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီပေးခဲ့သော ဒိုင်းအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များကို ကျန်ဌာနဆိုင်ရာ အသီးသီးကပေးအပ်ခဲ့ရာ၊ ဆုများလက်ခံရယူခဲ့သည်။ ယင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ၁၆-၁-၂၀၂၅ မှ ၂၀-၁-၂၀၂၅ ရက်နေ့ထိ အသင်း(၈)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်အားကစားတာဝန်ခံ ဦးကျော်ဇင်လတ်ထံမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)