ခမောက်ကြီးမြို့တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျောင်းကွင်းပြင်တွင် ဇန်နဝါရီ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့(၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ပထနေ့ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ခမောက်ကြီးကျောင်းနာယကဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မိဘ၊ ဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၆၂) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ နေ့စဥ်စာအုပ်၊စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသ စာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို နွေရာသီပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း(သို့မဟုတ်) စာအုပ်စာစောင်များ လာ​ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ‌ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအခြေချအဖွဲ့ ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၈) နာရီ အချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။

(၆၃) ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီး ကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှေးယခင်ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒအတိုင်း သာသနာတော်သုံးရပ် အရှည်တည်တံ့ခြင်း၏ ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား၍ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ (၆၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးကျင်းပရေး သြဝါဒစရိယ နာယကဆရာတော် ဘုရားကြီးများထံမှ သြဝါဒခံယူခြင်းနှင့် စာမေးပွဲကြီးကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မဟာအတုလဝေယံသာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ Big catch up အမှီလိုက်ကာကွယ်ဆေး စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား Big catch up အမှီလိုက်ကာကွယ်ဆေးများအား ယနေ့နံနက် (၁၀) နာရီအချိန်ကဖျာပုံမြို့နယ်အတွင်း စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အရာတော်မြို့၌ Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆာဆာကာဝါခန်းမတွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီမှ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ပေါင်းတည်၌ နွေစပါး ၂၆၀၁၀ ဧက လျာထားစိုက်ပျိုးရန် စိုက်ပျိုး​ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ခု နှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ  ၁ ရက်နေ့တွင် စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း သဘာဝမြေဇာဖြင့် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။
Subscribe to