လက်ပံတန်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စကားပုံဆက်ပြိုင်ပွဲကျင်းပ

လက်ပံတန်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတကြွယ်ဝလာစေရေးအတွက်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.ကပန်းပင်ကုန်းကျောင်းမှ ကျောင်းသားကျောင်းသူများ စိတ်ဝင်တစားဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း စကားပုံဆက်ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ကြသော ကျောင်းသား ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)