ပေါင်မြို့နယ်၌ သမဝါယမအသင်းလီမိတက်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အသင်းပိုင်လယ်မြေ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ"ရွှေချမ်းသာ"စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အသင်းပိုင်လယ်ဧက(၄၀၀)တွင် တာဝန်ယူလုပ်ဆောင်နေသည့် အသင်းသားတောင်သူ(၃၈)ဦးတို့၏ နွေစပါးစိုက်ပျိုးထားမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် ယ‌နေ့နံနက်ပိုင်းကတွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး  သီးနှံများအထွက်နှုန်းတိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ဆရာ/ဆရာမများ၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဥပဒေဘာသာရပ် သင်ကြားပို့ချ

နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို သိရှိနားလည်နိုင်ရန်နှင့် ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ပညာညီလာခန်းမ၌ ဆရာ/ဆရာမများ၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဥပဒေဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

ကော့မှူးတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်လူငယ်ရေးရာကော်မတီဖလားအမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် လူနေအိမ် အလုံး ၁၀၀ ကို ပြုပြင်ဆောင်ရွက်ပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေရာသီနှင့် မိုးဦးကျရာသီများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်(ယခုနှစ်)တွင် လူနေအိမ်အလုံးပေါင်း (၁၀၀)ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ပြုပြင်ဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်း သိရသည်။

ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်နေသော ပွဲရုံများအား ကွင်းဆင်းစစ်ဆေး

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ယမန်‌နေ့နံနက် ၈ နာရီအချိန်က ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ပဲများ စျေးနှိမ်ဝယ်ယူခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘားအံ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to