မဟာသင်္ကြန်ပွဲတော် အတက်နေ့ ရန်ကုန်တိုင်းဒေသအတွင်းရှိ မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် သင်္ကြန်ချစ်သူ ပြည်သူများ အထူးစည်ကား
၁၃၈၇ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလ ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြသူများ အထူးစည်ကားများပြား လျက်ရှိသည်။