‎မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

‎မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကျနေ့ကို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ဧပြီလ ၁၃ ရက်နေ့သင်္ကြန်အကြိုနေ့မှစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယနေ့အကျနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များ ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက ကျုံးပတ်လည်မဏ္ဍပ်များသို့ လမ်းလျှောက်အတာသင်္ကြန်ပီသစွာ စတုဒီသာမဏ္ဍပ်များကို လှည့်လည်ကြည့်ရှု၍ အများပြည်သူများနှင့် ရင်းရင်းနှီးနှီးအတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့သည်။

တောင်သာမြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့၌ ဧပြီ ၁၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး လမ်းလျှောက်သင်္ကြန် တက်ရောက်ဖွင့်လှစ်၊ ယိမ်းလှပျိုဖြူလေးများ၏ သီဆိုကပြဖျော်ဖြေမှုများနှင့် စတုဒီသာ ကျေးမွေးနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး လမ်းလျှောက်သင်္ကြန် တက်ရောက်ဖွင့်လှစ်၊ ယိမ်းလှပျိုဖြူလေးများ၏ သီဆိုကပြဖျော်ဖြေမှုများနှင့် စတုဒီသာ ကျေးမွေးနေမှုများအား လိုက်လံကြည့်ရှု မုံရွာ ဧပြီ ၁၄ ခရိုင် (ပြန်/ဆက်)

အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ပိတောက်ရွှေဝါမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ပိတောက်ရွှေဝါမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ ကြည့်မြင်တိုင် ဧပြီ ၁၄ ခိုင်ဇာလင်း(ပြန်/ဆက်)

မိုင်းယောင်းမြို့တွင် ရှေးဟောင်းဘုရား လှည့်လည်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် “ဖကျောက်တစ်” ဆုတောင်းပြည့် ရှေးဟောင်းဘုရားဆင်းတုတော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မိုင်းယောင်းမြို့၌ သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်းမြို့၌ သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ မိုင်းယောင်း ဧပြီ ၁၄ မြို့နယ် (ပြန်/ဆက်)
Subscribe to