မင်းလှမြို့နယ်၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်တွင် ရေကစားသူများဖြင့် စည်ကား

မင်းလှ ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း၌ ကျင်းပလျက်ရှိရာ သင်္ကြန်အတက်နေ့တွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

မင်းလှမြို့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေလျက်ရှိပြီး ယနေ့သင်္ကြန်အတက်နေ့တွင် ရေကစားကြသူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း သင်္ကြန်ရေကစား လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)