မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍက်များရှိ ယိမ်းလှပျို ဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် သီဆိုကပြဖျော်ဖြေသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မုံရွာမြို့၊ MSME လုပ်ငန်း ဒေသထွက်ကုန်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာလက်ဖက်စားသောက်ဖွယ်ရာများ ခင်းကျင်းပြသထားရှိမှုများအား သုံးဆောင်ခဲ့ကြပြီး မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်နေမှုများအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒိသာကျွေးမွေးနေမှုများ နှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် မုန့်လက်ဆောင်၊ ဂျူံကျို၊ ကြာဆံဟင်း၊ ရွှေရင်အေးများ စတုဒီသာကျွေးနေမှုများအား လိုက်လံကြည့်ခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် ပိတ်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဌာန ဆိုင်ရာမဏ္ဍပ်များမှ ယိမ်းအကအဖွဲ့ ၁၈ ဖွဲ့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဌာနဆိုင်ရာမဏ္ဍပ်အသီးသီးမှ ယိမ်းအဖွဲ့လှပျိုဖြူများ၊ သင်္ကြန်ချစ်သူများနှင့် ဧည့်ပရိသတ်များက “မန်းတောင်ရိပ်ခို”တေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်