ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများတို့သည် သင်္ကြန်အတက်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ကျောက်တလုံးကြီးမြို့၌  မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ဘုရားသွား‌‌ကျောင်းတက် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သမိုင်းဝင်‌မွေတော်ကက္ကူဘုရား၌ နှစ်ဆန်း ၁ ရက်နေ့တွင်  ဘုရားဖူးပြည်သူများဖြင့် စည်ကား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်မွေတော်ကက္ကူ ဘုရားသို့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ဝင်းသန်း မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာများ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲ၀င်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။‌

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းနားတက်ရောက်

ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ထားဝယ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး မြို့တော်ခန်းမ ၂ ရှေ့ ဗဟိုမဏ္ဍပ်၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မဟာသင်္ကြန်အတက်‌နေ့ညနေပိုင်းက မကွေးမြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ယိမ်းအကပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပသည်။

တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယနေ့ညနေ ၄ နာရီက ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ပြင်ဦးလွင်-နောင်ချိုဒေသ ရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုပွဲကို ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။
Subscribe to