ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးကာလ ကုသိုလ်ကောင်းမှုများ ပြုလုပ်

မြန်မာရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်း ရေပက်ကစားခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ ယနေ့နံနက်က ၅၅ ရပ်ကွက်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ခြင်း ပြုလုပ်ကြကြောင်း သိရသည်။

ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ‌‌ရေကစားသူများ ပိုမိုစည်ကား

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မြို့နယ်များရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၌ ‌‌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ  လာရောက်ရေကစားသူများ စည်ကားများပြားလျက်ရှိသည်။ ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးပိုမိုစည်ကားလျက်ရှိသည်။

ကလောမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့် စည်ကား

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ က‌လောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပြည်သူများ ပျော်ရွှင်ဆင်နွှဲစည်ကားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာတို့၏ နှစ်သစ်ကူးအခါသမယ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် မဟာသင်္ကြန်အတက်နေ့တွင် (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့ ဥက္ကလာရင်ခွင် မဏ္ဍာပ်တွင် ပြည်သူများ လွတ်လပ်ပျော်ရွင်ဆင်နွဲ၍ စစည်ကားလျက်ရှိသည်။

ရေတာရှည်မြို့ မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်တို့၌ ရေကစားသူများ စည်ကားများပြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်တို့၌ ‌‌ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

မုဒုံမြို့၌ မဟာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား

မွန်ပြည်နယ်၊ မုဒုံမြို့၌ ၂၀၂၆ ခုနှစ် မဟာသင်္ကြန် (အတက်နေ့) မြို့နယ်ဗဟိုရေကစားမဏ္ဍပ်တွင် တေးသီချင်းဖျော်ဖြေရေးများ၊ ယိမ်းအကများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် မြို့မရပ်ကွက် အတာနွေဦးမဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားလျက်ရှိသည်။

ပူတာအိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်းကို သင်္ကြန်အတက်နေ့ ဧပြီ (၁၆) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

တောင်ငူမြို့ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် ရေကစားလည်ပတ်သူများ စည်ကား

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ အနယ်နယ်အရပ်ရပ်မှ‌‌ အေးချမ်း‌ပျော်ရွှင်စွာ ရေလာ‌ရောက်ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
Subscribe to