ကျိုင်းတုံမြို့ ရပ်တော်မူဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၁၃ ရက်က ရပ်တော်မူဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊  ပြည်နယ်/ခရိုင်/ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက (ခ)ရပ်ကွက်၊ မြရတနာ(၁၀)လမ်း၊ လူထုဓမ္မာရုံ၌ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ခုနှစ်၊ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက ပြည်မြို့ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ပုဇွန်တောင်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ်အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်း စီမံကိန်း သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ် အမှတ် (၂)နှင့် အမှတ် (၇)အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်းစီမံကိန်းအတွက် သက်ဆိုင်သူများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ အခမ်းအနားသို့တက်ရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် “ဘွဲ့နှင်းသဘင်ခန်းမ” ၌ ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်၊ မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်နှင့် မင်းမြန်မာကိုယ်ပိုင်အထက် တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်သည်။

မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းရှင်လင်းပွဲ နှင့်လက်တွေ့သရုပ်ပြ၊ စမ်းသပ်မဲပေးပွဲပြုလုပ်

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၈၆လမ်း၊ ၁၆လမ်းထောင့်ရှိ သစ်လွင်ဓမ္မာရုံ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်းရှင်လင်းပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၊ တိုင်းရင်းသားဘာသာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားနှင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၂၀၂၅ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ မြို့နယ်အသီးသီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Subscribe to