တာမွေ ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အတက်နေ့ နံနက်ပိုင်းမှစတင်ကာ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ တာမွေမြို့နယ် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်တို့တွင် လာရောက်ပါဝင်ဆင်နွှဲသူများ၊ မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် အတာရေကစားသူများ၊ စတုဒိသာအလှူများဖြင့် ယခင်နေ့များထက် အထူးပင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတာရေသဘင်ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ယခင်နေ့များထက် အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲကြသူ ပြည်သူများ ပိုမိုများပြားလာကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)