တောင်ကြီးမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဧပြီ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၁ နာရီက သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲအခမ်းအနားကို တောင်ကြီးမြို့၊သစ်တောရပ်ကွက်၊မြို့တော်ခန်းမ၌ ကျင်းပသည်။

ရွှေဘိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ​အကျဉ်းသား/အကျဉ်းသူ (၂၆)ဦး လွတ်ငြိမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၄၀/၂၀၂၆)၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့်  ​ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၂၀ ၊ အကျဉ်းသူ ၆ ဦး၊ ပေါင်း ၂၆ ဦးတို့အား ယနေ့ နံနက် ၁၀ နာရီက လွတ်ငြိမ်းခွင့်ပြုပေးခဲ့​ကြောင်းသိရသည်။

အင်းစိန်အကျဉ်း​ထောင်မှ အကျဉ်းသား ၇၉၄ ဦး လွတ်​ငြိမ်းခွင့်ရရှိ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူများအနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား(၅၃၁)ဦး၊ အကျဉ်းသူ(၂၆၃)စုစုပေါင်း(၇၉၄)ဦး လွတ်ငြိမ်းခွင့်ရရှိသည်။

ရွှေဘိုမြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ

သက်ရှိအားလုံးအပေါ် မေတ္တာတရားအခြေပြု၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံရှိ ကျုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘော်လခဲမြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ပွဲကျင်းပ

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  အန္တရယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ပုံပါကျင်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးရွယ်ဘိုးဘွားများအားကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးမှူးရုံးခန်းမ၌ ယနေ့နံနက် ၈ နာရီက အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြား

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

(၁၁၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ရေသွန်းပူဇော်ပွဲနှင့် သမုတိသံဃာ (၃၅၁) ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူ

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အခါသမယတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၏ မြို့နယ်လုံးဆိုင်ရာ (၁၁၁)ကြိမ်မြောက် ရေသွန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက သကျမဟာသီရိ ဘုရားကြီးဝင်းအတွင်း၌ ပြုလုပ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၈ ခုနှစ် ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to