လားရှိုးမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ၅နာရီက မြို့တော်ခန်းမရှေ့ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါန ငါးနှင့် ငှက် ဘေးမဲ့လွှတ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညိုပြီး ဇီဝိတဒါနအဖြစ် ငါးနှင့်ငှက်များကို သတ်မှတ်နေရာအသီးသီး ဘေးမဲ့လွှတ်ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

မုံရွာတွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အမတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇီဝိတဒါန ငါးလွတ်ပွဲအခမ်းအနားနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး ဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနှစ်ဆန်း (၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည့် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်

နှစ်ဆန်း (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ကော့မှူး၊ လှည်းကူး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေ၊ ဒလ၊ တွံတေး၊ ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ ပြည်၊ ဖြူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ထန်းတပင်နှင့် ပေါင်းတည်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်း၊ ညောင်တုန်းနှင့် ငွေဆောင် မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ၊ ကျောက်ပန်းတောင်း၊ မြစ်သား၊ ပျော်ဘွယ်၊ ငါန်းဇွန်၊ မြင်းခြံ၊ ပြင်ဦးလွင်၊ ဝမ်းတွင်းနှင့် ရမည်းသင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ၊ မြို့သစ်၊ ချောက်နှင့် တောင်တွင်းကြီးမြို့နယ်တို့လည်းကောင်း၊ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မိုးကောင်း၊ ရွှေကူမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းယု၊ မိုင်းဆတ်၊ ပင်းတယ၊ မိုင်းပန်နှင့် မိုင်းဖြတ်မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၊ ကန့်ဘလူမြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်တို့၌လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တို့၌လည်းကောင်း ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည့် ကုသိုလ် ကောင်းမှုများကို ဆောင်ရွက်ကြသည်။
Subscribe to