ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အတာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပင်းတယမြို့ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၂) ရပ်ကွက် ရှင်ပင်ချမ်းသာကြီး မြတ်စွာဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျောထောက်နောက်ခံမရှိသော ဘိုးဘွားများအား ထောက်ပံ့လှူဒါန်းကန်တော့ပွဲ ကျင်းပခဲ့သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများ စည်ကား

​မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ နယ်ဝေးနယ်နီးမှ ဘုရားဖူးလာရောက်ဖူးမြော်ကြည်ညိုကြသူများ၊ ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ စည်ကားများပြားလျက်ရှိသည်။

လပွတ္တာမြို့နယ်၌ ဇီဝိတဒါနအဖြစ် ရေချိုပုစွန်လွှတ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါနအဖြစ် ရေချိုပုစွန်လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လိန်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ တမံချောင်းတွင် ကျင်းပသည်။

တပ်ကုန်းမြို့၌ ယိမ်းဒိုင်းဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ဦးဆောင်ထည့်သွင်းကျင်းပသည့် ယိမ်းအကပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဧပြီ ၁၆ ရက်နေ့ ည ၇ နာရီက ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ မြို့လုံးကျွတ်စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ မြို့လုံးကျွတ်စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ရေပက်ခံလာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုတ်ပြင်းမြို့တွင် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်လှဖေဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ဆိပ်ငယ်ဗောတံတားတွင် ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။

တပ်ကုန်းမြို့၌ “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ ဒုတိယအကြိမ် သက်ကြီးပူဇော်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်တွင် သက်ကြီးပူဇော် ကန်တော့ပွဲကျင်းပရေးကော်မတီ နာယက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ကြီးကြပ်၍ “အနှိုင်းမဲ့ရနံ့” လူငယ်အဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်ပြီး စေတနာရှင်များ စုပေါင်းကာ “အနှိုင်းမဲ့ရနံ့”လူငယ်အဖွဲ့ဒုတိယအကြိမ် နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းက ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၄၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်သည်။
Subscribe to