ပုဗ္ဗသီရိမြို့၌  လူငယ်စကားဝိုင်း  ကျင်းပပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည် (၁)နာရီက အ.ထ.က(ခွဲ) မင်္ဂလာဒီပကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့တွက် ကျရောက်သည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်၌ ကျင်းပသည်။
Subscribe to