ပေါက်ခေါင်းမြို့နယ်၌ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ လေးမျက်နှာစေတီတော်မြတ်ကြီး၌ မြန်မာနှစ်ဆန်း (၂) ရက်နေ့၊ ယနေ့နံနက် ၆ နာရီတွင် မြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ လှည့်လည် ချီးမြှင့်ပေးခဲ့သည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချနိုင်ရေးကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကော့မှူးတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေက မြို့သစ်ရပ်ကွက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ မြို့နယ်အတွင်းရှိ ပြည်သူများဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရည်ရွယ်၍  အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အပူဒဏ်ရောဂါလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျန်မာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အပူဒဏ်အန္တရာယ်ကြောင့်ဖြစ်တတ်သော ရောဂါများကို ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည်။

ဝေါမြို့နယ်၌ လမ်းလျှောက်သင်္ကြန်ပိတ်သိမ်း၊ ယိမ်းအကပြိုင်ပွဲနှင့် သနပ်ခါးပြိုင်ပွဲတို့အား ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲ၊ ယိမ်းအကပြိုင်ပွဲနှင့် သနပ်ခါးပြိုင်ပွဲတို့အား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ (၁၆) ရက် မဟာသင်္ကြန်အတက်နေ့ ညနေ (၅) နာရီက ရန်ကုန် - မော်လမြိုင်ကားလမ်းမကြီးဘေး မြို့နယ်ခန်းမရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဆီဆိုင်မြို့နယ်ရှိ စော်ဘွားရေထိန်းတံခါးဆည်တွင် အပူရှောင် ရေကစားအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာ အုပ်စု၊ မဲဟိုင်းကျေးရွာအနီးရှိ စော်ဘွားရေထိန်းတခါးဆည်တွင် နွေရာသီကာလ၌ အပူရှောင် ရေကစားအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာ အချိန်အခါတွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့ နံနက် ၇ နာရီက ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ ဟင်္သာတမြို့ ပခန်းရပ်ကွက် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ကျင်းပသည်။

ကြို့ပင်ကောက်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်ပွလဲခြင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုကျ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောင်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုအချို့တို့တွင် သစ်ပင်များ အမြစ်ပွလဲခြင်းနှင့် လူနေအိမ်များ၊ အဆောက်အဦများ အမိုးလန်ပျက်စီး၊ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မြောင်းမြတွင် (၈၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သာသနာတော်နှစ် ၂၅၇၀ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့ နေ့လယ် (၁) နာရီအချိန်က (၈၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားဖွင့်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်သည်။

ငါးသိုင်းချောင်းမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကျင်းပလျက်ရှိသော မြို့ပတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ညနေ ၃ နာရီ စတင်၍ ကျင်းပသည်။
Subscribe to