အင်းစိန် ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသားအကျဉ်းသူများအနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား(၅၃၁)ဦး၊ အကျဉ်းသူ(၂၆၃) စုစုပေါင်း(၇၉၄)ဦး လွတ်ငြိမ်းခွင့်ရရှိသည်။
၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အလားတူ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်(၃၉) အရ သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်နှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)