ရွှေဘိုမြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ

ရွှေဘို ဧပြီ ၁၇

သက်ရှိအားလုံးအပေါ် မေတ္တာတရားအခြေပြု၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံရှိ ကျုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငါးလွှတ်ပွဲအခမ်းအနားတွင် ငါးမြစ်ချင်း အကောင်ရေ (၂၅၀၀၀)၊ ငါးခုံမကြီး အကောင်ရေ(၂၅၀၀၀) စုစုပေါင်း ငါး​အကောင်ရေ ငါးသောင်းကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။ သက်ရှိများအပေါ်ကရုဏာထားရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါကြောင်း၊  အဆိုပါ ငါးများသည် သဘာဝရေချိုစနစ်တွင် အရေးပါသော တည်တံ့မှုရှိစေရန်၊ ရှားပါးငါးမျိုးများကို ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝစနစ်ထဲတွင် ငါးမျိုးစုံပိုမိုပေါ်ထွက်လာစေပြီး သက်တမ်းရှည်သော ငါးမျိုးပေါ်ပေါက်ရေးအတွက်ရည်ရွယ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅)စစ်နယ်မြေမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊​ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်