(၁၁၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ရေသွန်းပူဇော်ပွဲနှင့် သမုတိသံဃာ (၃၅၁) ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူ

ဝါးခယ်မ ဧပြီ ၁၇

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အခါသမယတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၏ မြို့နယ်လုံးဆိုင်ရာ (၁၁၁)ကြိမ်မြောက် ရေသွန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက သကျမဟာသီရိ ဘုရားကြီးဝင်းအတွင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ဝါးခယ်မမြို့နယ်၏ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသည့် ရေသွန်းပူဇော်ပွဲအား မြို့နယ်ရှိ ပြည်သူများက ပါဝင်ဆင်နွဲရာတွင် သကျမဟာသီရိဘုရားကြီးကိုယ်စား ရုပ်ပွားတော်မြတ်ကို စုပေါင်းရေသပ္ပါယ်ပူဇော်ခဲ့ကြကြောင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်က ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ရှင်အလှူရှင်များက စုပေါင်းပြီး ဘုရားအမှူးပြုတော်မူသော သမုတိသံဃာ(၃၅၁)ပါးတို့ကို နှစ်သစ်နှစ်ဦး အလှူမင်္ဂလာအဖြစ် ဆွမ်းဆန်တော်၊ ဆီဆွမ်း၊ ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းဝတ္ထုများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)