ပုံပါကျင်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးရွယ်ဘိုးဘွားများအားကန်တော့ပွဲ ကျင်းပ

ပုံပါကျင် ဧပြီ ၁၇

ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးမှူးရုံးခန်းမ၌ ယနေ့နံနက် ၈ နာရီက အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ဌာနဆိုင်ရာများ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာ၊ ဝန်ထမ်းမိသားစုများမှ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း၊ ရပ်ကွက်များအတွင်းရှိ အသက်(၈၀)နှစ်အထက် အဘိုး/အဘွား(၂၄)ဦးတို့အား ကန်တော့ခြင်း၊ ဘိုး/ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အိအိဖြိုး(ပြန်/ဆက်)