လားရှိုးမြို့တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဦးဆောင်မှုဖြင့် ပြည်နယ်ခွဲအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍  သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီက ဆင်းရွှေလီဘိုးဘွားရိပ်သာ၌ ကျင်းပသည်။

မော်လိုက်မြို့၌ မြန်မာ့နှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်းလှည့်လည် ပူဇော်

စစ်ကိုင်းတိုင်းဒေသကြီး    မော်လိုက်မြို့၌ ဘေးရန်အန္တရာယ်အပေါင်းကင်းဝေးစေရန် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၁၇ ရက် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မွန်းလွှဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်သည်။ 

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ရာ ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညဉီးပိုင်းက မဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ကျိုက်မရော အကျဉ်းထောင်မှ  အကျဉ်းသားအကျဉ်းသူ ၃၆ ဦး  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အကျဥ်းဦးစီးဌာန ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၁၄)ဦး၊ အကျဥ်းသူ  (၂၂)ဦး စုစုပေါင်း (၃၆)ဦးတို့သည်  နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၄၀/၂၀၂၆)ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့  အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီကစတင်ကာ မြို့ပတ်လမ်းနှင့် လွိုင်ကော် လမ်းမကြီးအတိုင်း ရင်းမှီးရပ်ကွက်အထိ ဆရာတော်၊ သံဃာတော်များက ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ သွေးလှူဒါန်းပွဲများသို့ တက်ရောက်

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် သွေးလှူဒါန်းပွဲများ စသည့် ကုသိုလ် ကောင်းမှုပြုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သက်မှတ်နေရာများ၌ ကျင်းပသည်။

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် သင်္ကြန်ကာလအတွင်း ပြိုင်ပွဲဝင် ယိမ်းများအနက် ဆုရပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီခွဲက မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

နောင်ချိုမြို့၌ ၁၃၈၇ခုနှစ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ခုနှစ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်က နောင်ချိုမြို့စွယ်တော်ရိပ်ကားဝင်းအတွင်းရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ကလောမြို့၌မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ (ပိတ်ပွဲ)စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ကလောမြို့ မောမြေဦးပန်းခြံ၌ ဧပြီ ၁၆ ရက် ညနေ ၄ နာရီကမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ(ပိတ်ပွဲ)စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ခိုလမ်မြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်း အနားကို ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စု၊ တုန်ဟုန်းရေကန်၌ ဧပြီ (၁၇) ရက်နံနက် (၈) နာရီက ကျင်းပသည်။
Subscribe to