ဒဂုံတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများကစက်တင်ဘာလ ၁၂ ရက်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ပိုင်းခွဲကာ (၆၆)ရပ်ကွက် ဓမ္မာရုံနှင့် (၇၀)ရပ်ကွက် ဓမ္မာရုံတို့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင် သစ်မာပင် ၂၀ ပင် သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို စက်တင် ဘာ ၁၂ ရက်နေ့က  မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (community centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများပေးအပ်ခြင်းနှင့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့်ကျေးရွာများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးရွာနေပြည်သူများ မူလအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော် မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာ၌ပြုလုပ်သည့် နေရပ်ပြန် ပြည်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ထပ်မံဖွင့်လှစ်ရန်ပြင်ဆင်နေမှုနှင့် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများထပ်မံဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ လှေခွဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လှေခွဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက လှေခွဲချောင်းတံတားအနီး၌ ကျင်းပခဲ့သည်။

ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများ စုပေါင်းပလတ်စတစ်ကောက်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စနေနေ့တိုင်း စုပေါင်းပလတ်စတစ် အမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
Subscribe to