တောင်ကြီး ဧပြီ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဧပြီ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၁ နာရီက သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲအခမ်းအနားကို တောင်ကြီးမြို့၊သစ်တောရပ်ကွက်၊မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က သက်ကြီးဘိုးဘွားများအား ဂါရဝပြု အလှူငွေနှင့် ပူဇော်ဖွယ်ရာပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။ ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာပေးဝေခဲ့ကြ ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)