ဘော်လခဲ ဧပြီ ၁၇
ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အန္တရယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ သရဏဂုံ(၃)ပါးနှင့် (၉)ပါးသော သီလမြတ်တို့အား ခံယူဆောက်တည်သည်။ ယင်းနောက် ဆရာတော်သံဃာတော်များအား စကခ(၂)တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်၊ စစ်ဗျူဟာ (အခြေချ) ဘောလခဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းထွဋ်၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့၍ အာဟာရနှင့် ဆေးဝါးပစ္စည်းများ၊ အလှူငွေများ လှူဒါန်းခဲ့ကြပြီး၊ အဘိုးအဘွားများနှင့် တရားနာပရိသတ်တို့အား အချိုရည်နှင့် ရွှေရင်အေးများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်