ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကန်သာယာရပ်ကွက်နေ ဦးကိုဦး(ဘ)ဦးဖောင်တိန် နေအိမ်မှ ဧပြီလ (၁၆) ရက်နေ့ ည (၁၁)နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအလိုက် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများတွင် ယမန်နေ့ ညနေ ၄ နာရီက စတင်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

ရေကြည်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့၊ သောင်ရွာကူးတို့ဆိပ်(ဓနသဲကွင်းအနီး)ရှိ သဘာဝရေပြင်အတွင်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဇီဝိတဒါန စုပေါင်းငါးလွှတ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် နှစ်သစ်မင်္ဂလာအဖြစ် မြန်မာသက္ကရာဇ် (၁၃၈၈)ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားနှင့် မဟာမုနိဘုရားစောင်းတန်း တစ်လျှောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ဧပြီ ၁၇ ရက်နေ့၊ နံနက် (၉) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး၌ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲက ကြီးမှူး၍ စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီးအနီး ကန်တော်ကြီးရေကန်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ (၇၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဆွမ်း‌ဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ်ပိုင်းက တာဦးကဉ္စနာရာမကျောင်းတိုက်မှ စတင်ကြွချီရာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းနှင့်ဇနီး ဒေါ်ဌေးဌေးထိုက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်းနှင့်ဇနီး ဒေါ်တင်တင်လှိုင်တို့ လာရောက်လောင်းလှူခဲ့ကြသည်။

တီးတိန်မြို့၌ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနား ပြုလုပ်

ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းတွင် သက်ကြီးဘိုးဘွားများကန်တော့ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မိုင်းဖြတ်မြို့နယ်၌ ဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ 

ခန္တီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဧပြီလ ၁၇ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။
Subscribe to