မော်လမြိုင်မြို့၌ သက်ကြီးပူဇော်ပွဲနှင့် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် (၄၁)ကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ဆက်ကပ်လှူဒါန်း ပွဲကျင်းပ
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် သထုံငါးလုပ်ငန်းစခန်းမှထုတ်သောနှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁ဝဝဝ၀ဝ)ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်ငါးသားပေါက် ကောင်ရေ(၃၀ဝ၀ဝ၀)အား ဇီဝိတဒါနအဖြစ် သံလွင်မြစ်အတွင်းသို့ စုပေါင်း၍ ကုသိုလ်ယူလွှတ်ပေးခဲ့ကြသည်။