မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အောင်လံမြို့နယ်၌ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

တပ်ကုန်းမြို့နယ် မြဝတီရက်ကွက်၊ နယ်မြေ (၁၁/က)၌ လူနေအိမ် မီးလောင်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/က)၊တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်နှင့် ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင်မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများသက်သာသည့်ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန်အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လျှပ်စစ်မီးပြတ်တောက်မည့်ကာလအတွင်း ပြည်သူများ သောက်သုံးရေဖူလုံမှုရှိစေရေး ဆောင်ရွက်ပေးမည်

ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးအဓိကဖြန့်ဖြူးပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရက်သတ္တနှစ်ပတ်ခန့်ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါ ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေ၊ ချိုးရေ လုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ဖြန့်ဝေပေးနိုင်ရေး ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ရေရရှိရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။

မိုင်းတုံမြို့နယ်၌ သက်ကြီးပူဇော်ကန်‌တော့ပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့လယ်ဓမ္မရုံ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုင်းတုံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပရာ သက်ကြီးဘိုးဘွားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ် ချုပ်‌ရေးမှူးများ၊ စေတနာရှင်များ စုစုပေါင်း (၁၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ယခုနွေရာသီကာလအတွင်း အပူဒဏ်ကြောင့်ဖြစ်စေသည့် ဆိုးကျိုးများနှင့် အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ် ဦးဆောင်၍ ကျန်းမာရေးမှူးများ၊ ဆရာမများနှင့် ကျန်းမာရေးလုပ်သားများနှင့် ပူး‌ပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧပြီ ၁၆ ရက်မှစ၍ လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်အုပ်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အမှတ် (၃) ရပ်ကွက်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်း ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ အသင်းသူ/သား နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်းဖွင့်ပွဲကို ဒေဝကျောင်းတိုက်၌ ဧပြီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

ဖားကန့်မြို့နယ်တွင် ဖားကန့်အချုပ်‌ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ အကျဉ်းသား သုံးဦးလွတ်ငြိမ်းခွင့် ရရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဖားကန့်အချုပ်‌ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ ဧပြီလ (၁၇) ရက် နံနက်ပိုင်းက လွတ်ငြိမ်းခွင့်ဖြင့် ဖားကန့်အချုပ်ထောင်မှအကျဉ်းသား (၁) ဦးနှင့် ဒွန်ဘန်စခန်းမှ အကျဉ်းသား (၂) ဦး အကျဉ်းသားစုစုပေါင်း (၃) ဦး လွတ်‌ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
Subscribe to