ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်

ပေါင် ဧပြီ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကန်သာယာရပ်၌ ဧပြီလ (၁၇) ရက်နေ့ ည (၁၁) နာရီ (၁၅) မိနစ်အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းက မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၂၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု(၁၁) စုရှိ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုး(၂၇၅,၀၀ဝိ/-) ကျပ်နှင့် စုစုပေါင်းတန်ဖိုးငွေ (၁,၇၄၇,၈၉၈ိ/_) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးပါ ပုံး(၁၁) ပုံးတို့အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)