မုဒုံ ဧပြီ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့က ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပသည်။
ဦးစွာ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စေတီတော်ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သီလတော်မြတ် ခံယူကြပြီး နှစ်ဦးပရိတ်တရားတော်မြတ်အား ရွတ်ပွားသရဇ္ဇျာယ်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဆရာတော်ကြီးများမှ ဦးဆောင်၍ ဘုရားစေတီတော်၊ ရင်ပြင်တော်ဝန်းကျင်တွင် ဘုရားဆီမီးများ ကပ်လှူပူဇော်ခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများမှ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများ၊ ဆီမီး (၉၀၀၀)၊ ပန်း(၉၀၀၀) ဗုဒ္ဓပူဇနိယဇော်ပွဲနှင့် စားစရာမုန့်ပဲသရေစာ၊ ကလေးကစားစရာ စသည့် အရောင်းဆိုင်များ ဘုရားပွဲဈေးရောင်း ဈေးဝယ်များဖြင့် အထူးစည်ကားကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)