ပြည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများ ကျေးရွာများအရောက် ကွင်းဆင်းဖြန့်ဖြူးရောင်းချပေး

ပြည် ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း နွေစပါးများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများက နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများကို ကျေးရွာများအရောက် ကွင်းဆင်းဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။

ထိုသို့ နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများ ကွင်းဆင်းဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း နွေစပါးလျာထားဧက ၂၀၅၆၁ ဧကအနက် စိုက်ပျိုးရန်ကျန်ရှိနေသော နွေစပါးဧက(၁၁၀)အား အချိန်မီထွန်ရက်စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် တစ်ဂါလံနှုန်းဖြင့် စုစုပေါင်း စက်သုံးဆီဂါလံ ၁၁၀ အား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)