မိုင်းရယ်၌ နှစ်စဉ်ပြုလုပ်သည့် ရှမ်းရိုးရာသင်္ကြန်အလှူပွဲ ကျင်းပ

မိုင်းရယ် ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ မြောက်မြိုကျောင်းတိုက်(နောင်မိုကျောင်း)တွင် နှစ်စဉ်ပြုလုပ်သည့် ရှမ်းရိုးရာသင်္ကြန်အလှူပွဲကို ယမန်နေ့‌ နေ့လယ် ၁ နာရီကကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ (ဇိနမာရ်အောင်ကျောင်းတိုက်)နှင့် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသုနန္ဒ  (ဟိုဝိန်းကျောင်းတိုက်)တို့ အမှူးပြုသော ပင့်သံဃာတော် ၉ ပါး၊ မြောက်မြိုကျောင်း (နောင်မိုကျောင်း) ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးနှင့် အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် နားဖျိုင်းကျေးရွာအုပ်စုအတွင်းရှိ နားဖျိုင်း၊ နားအော်၊ မန်နောင်၊ ပိန်းနင်ကျေးရွာတို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ရှမ်းရိုးရာသင်္ကြန်အလှူပွဲတွင် မြိုနယ်သံဃနာယကအဖွဲဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ အမှူးပြုသော ပင့်သံဃာတော်များနှင့် တက်ရောက်လာကြသောလူပုဂ္ဂိုလ်များမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး လူပရိတ်သတ်များက ဆိုင်မိန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရ (ပြည်နယ်သံဃနာယကအဖွဲ့ဝင်၊ မဟာသဒ္ဒမ္မဇောတိကဓဇ)ထံမှ သရဏဂုဏ်သုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာ‌တော်/သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊  မြောက်မြိုကျောင်း(နောင်မိုကျောင်း) ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်/ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအမျှပေးဝေပြီး ဆရာတော်/ သံဃာတော်များနှင့်တကွ တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အလှူပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)