ဝန်းသိုမြို့တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ယနေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

မော်တော်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နွေရာသီအပူချိန်မြင့်တက်လာသည်နှင့်အမျှ မော်တော်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါကလည်း လက်ဦးမှုရယူငြှိမ်းသတ်နိုင်ရေးအတွက် သတိပြုရမည့် အချက်များနှင့် လိုက်နာ‌ဆောင်ရွက်သင့်သည့် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် ဖေဖော်ဝါရီ (၉)ရက်နေ့မှစတင်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း(ဖိတ်ခေါ်)ပြိုင်ပွဲကျင်းပရာ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနား ကျင်းပသည်။

မိုးနဲမြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေး စားသောက်ကုန်နှင့်ဆန်စက်များ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပပြီး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရာကြီး၌ ဩဝါဒပါတိမောက်အခါတော်နေ့ တပို့တွဲလပြည့်နေ့တွင် တံပူရှားမီးပူဇော်သူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ဩဝါဒပါတိမောက်အခါတော်နေ့ တပို့တွဲလပြည်နေ့ညပိုင်းတွင် တံပူရှားမီးပူဇော်သူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်‌ထောင်စု‌နေ့ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) ရပ်ကွက်၊ ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက် (အင်္ဂါနေ့) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက် မွန်းလွဲ (၂) နာရီအချိန်က တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ထမနဲထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ အားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Subscribe to