ဝန်းသိုမြို့တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

ဝန်းသို ဖေဖော်ဝါရီ ၁၃

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ယနေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲအချိန်၌ကျင်းပရာ အလံစောင့်တပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက အလေးပြုကြသည်။

ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နံနက် ၇ နာရီအချိန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်မှ ပေးပို့သည့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က ဖတ်ကြားခဲ့ပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် (ထက်၊ လယ်၊ မူ) စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)