နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီး​မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီအချိန်တွင် တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးဝန်း၌  ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စုပေါင်းတန်းစီကွင်း၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ တပို့တွဲလပြည့်နေ့ ဘုရားမီးပုံပူဇော်ပွဲသို့ လာရောက်သူများနှင့် စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တပို့တွဲလပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မြော်၍ ဘုရားမီလှုံပူဇော်ခြင်းကိုနှစ်စဉ် မြို့နယ်အတွင်းရှိ ဘုရား၊ စေတီများ၌ ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။

တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များ ပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မ့ာရိုးရာ ထမနဲထိုးပြိုင်ပွဲ ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာတွင် ကျင်းပ

မြန်မာရိုးရာ ဆယ့်နှစ်လရာသီပွဲတော်၏ တပို့တွဲလ၊ ထမနဲထိုးရာသီပွဲတော်သည် မြန်မာလူမျိုးများ၏ ချစ်စရာရိုးရာပွဲတော်ဓလေ့ဖြစ်ပြီး အစဉ်အလာမပြတ် ရိုးရာထမနဲထိုးပွဲ ကျင်းပ​ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာ၌ တပို့တွဲလပြည့်နေ့ နံနက် ၁၀ နာရီ အချိန်က ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့၊ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီ အချိန်က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်‌‌‌‌ထောင်စုနေ့အခမ်းအနားကျင်းပ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဒုံမေးခိုး)တွင်  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့်ပူးပေါင်းကာ စာဖတ်ရှန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(ဒုံမေးခိုး)၌ ဆောင်ရွက်ခဲ့သည်။
Subscribe to