ဟိုပုံးမြို့နယ် သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရာကြီး၌ ဩဝါဒပါတိမောက်အခါတော်နေ့ တပို့တွဲလပြည့်နေ့တွင် တံပူရှားမီးပူဇော်သူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ဟိုပုံး ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ဩဝါဒပါတိမောက်အခါတော်နေ့ တပို့တွဲလပြည်နေ့ညပိုင်းတွင် တံပူရှားမီးပူဇော်သူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ထိုသို့စည်ကားလျက်ရှိရာတွင် သီရီမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ရင်ပြင်ရှေ့တွင် ဘုရားဖူးပြည်သူများ ကုသိုလ်ပွားများနိုင်ရန်အတွက် ရှားထင်း၊ ဆီမီး၊ အမွှေးတိုင်၊ ဘုရားပန်းများကို ဘုရားပွဲဈေးသည်များက ရောင်းချပေးလျက်ရှိရာ တံပူရှားမီးပူဇော်သူများ၊ ဆီမီး၊ အမွှေးတိုင်၊ ပန်းနှင့် ရေချမ်းဆက်ကပ်လှူဒါန်းသူများ ကောင်းမှုကုသိုလ်ပြုကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ တံပူရှားမီးပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည့် တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များ ယုံကြည်အားထားကိုးကွယ်ရာဖြစ်သည့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား အနွေးဓာတ်များရရှိစေရန် ရည်ရွယ်ပြီး ထင်းသားကောင်းမွန်ပြီး ညှော်နံ့ကင်းစင်သည့်  တံပူရှားမီးများနဲ့ ထွန်းညှိပူဇော်ခြင်းဟာ ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ မွန်မြတ်တဲ့ရိုးရာဓလေ့ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)