စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင် တွင်ကျင်းပပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် စုပေါင်းထမနဲထိုးပွဲ ကြည့်ရှုအားပေး

၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားကို ချစ်မြတ်နိုးသူများ  တက်ရောက်ကြသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် (၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်ပိုင်းက  ဆင်ဖြူကန်ကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပျိုးဥယျာဉ်လုပ်ငန်းရှင်များ၊ ပန်းပညာရှင်များ၊ ပြိုင်ပွဲဝင် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကြံခင်းမြို့၌ မဟာသကျမုနိစေတီတော်မြတ်ကြီး ဆွမ်းတော်ကြီးကပ်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် သကျမုနိဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်အုပ်စု၊ မင်းသီရိ(၁- ရပ်ကွက်)တွင် ယမန်နေ့နံနက် (၉) နာရီက မဟာသကျမုနိစေတီတော်မြတ်ကြီး ဆွမ်းတော်ကြီးကပ်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် မဟာသကျမုနိဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ ကျင်းပသော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းနှင့် ဦးဥတ္တမခန်းမတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မြို့သစ်မြို့နယ်မှ သောက်သုံးရေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံများ၌ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွက်သစ်ရပ်ကွက်ရှိ သောက်သုံးရေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံများ၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ဆုတောင်းပြည့်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဆုတောင်းပြည့်ဘုရားကြီးအား ဌာနဆိုင်ရာများစုပေါင်း၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ဘုရားကြီးဓမ္မာရုံတွင် ကျင်းပသည်။

မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ကေလာသဖတောင်တော်ပေါ်၌ တည်ရှိသော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော (၄၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှင်ပင်စက္ကိန်းတဲဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် (၂၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲ ၂ နာရီက အဆိုပါစေတီတော် မဟာဗောဓိညောင်ပင်ကွင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to