မိုးနဲ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊ မမှန်မကန်ဆောင်ရွက်ခြင်းများနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ကုန်ဈေးနှုန်း တည်ငြိမ်ရေးအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)